# Beginner’s Guide to CTFs

**How to start with Capture The Flag (CTF) Competitions**

CTFs ဒါမှမဟုတ် Capture The Flag ပြိုင်ပွဲတွေက ကျွန်တော်တို့အတွက် Hacking ကိုစတင်လေ့လာဖို့ထဲက အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ Ctf ရဲ့ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ System တစ်ခုထဲကို ဝင်ရောက်ခဲ့ကြောင်း (or) ဝင်ရောက်နိုင်ကြောင်းသက်သေပြတဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။

## Why do CTFs?

Ctfs ကတော့ကျွန်တော်တို့အတွက် binary exploitation၊ web exploitation သို့မဟုတ် reverse engineering လိုမျိုးစတဲ့ specific security တွေကိုလေ့လာဖို့အကောင်းဆုံးဖြစ်ပါတယ်။

Ctfs ကိုတော့ခုနောက်ပိုင်းမှာ ကျောင်းသားတွေဝင်ရောက် လေ့လာနိုင်တဲ့ ctf ပြိုင်ပွဲတွေအပြင် Open Level Ctf ပြိုင်ပွဲတွေလည်းအများကြီးပေါ်ပေါက်လာတာ လူတိုင်းသတိထားမိကြမှာပါ။ Ctf ကဘာတွေလုပ်ပေးနိုင်လည်းဆိုရင် ကျွန်တော်တို့ အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်နိုင်တဲ့ စွမ်းရည်မျိုးအပြင် တွေးခေါ်နိုင်မှုစွမ်းရည်တွေပါပေးပါတယ်။

Finally, CTFs train your hacker persistence. Ctf မှာအတွေ့အကြုံရလာတာနဲ့ မိတ်ဆွေတို့ကို Real World ရဲ့အခက်အခဲပြသနာတွေကို စိတ်ရှည်နိုင်ပြီး အကောင်းမြင်တတ်အောင်လေ့ကျင့်ပေးသွားတာဖြစ်လို့ Ctf ဆိုတာကို လူငယ်တိုင် လုပ်သင့်ပါတယ်။ ဘယ်ကစရမှန်းမသိတဲ့သူများကျွန်တော့်ကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်။ မြန်မာလို့အရေးအသားမို့လိုအပ်တာများရှိခဲ့ရင် နည်းလည်ပေးဖို့ တောင်းပန်ချင်ပါတယ်။

## Types of CTF.

ဒီမှာတော့ Ctf ရဲ့အဓိကအမျိုးအစားနှစ်မျိုးရှိပါတယ်။ ဒါကတော့လူတိုင်း ဆရာတိုင်းလည်း ပြောနေကျဖြစ်ပြီး လူတော်တော်များများလည်း ဒါမျိုးကို post တင်ပြီး sharing လုပ်တတ်ကြပါတယ်။

1. Jeopardy-style
    
2. Attack-Defense-style
    

Jeopardy-style Ctf ကတော့ သတ်မှတ်ထားတဲ့အမှတ်အရေအတွက်နဲ့ flag တွေကိုရှာဖွေရမှာဖြစ်လို့ Hacking Challenge မှာမရှိမဖြစ်လိုအပ်တဲ့ type ပဲဖြစ်ပါတယ်။ ဒီ Jeopardy style မှာတော့ အားနည်းချက်တစ်ခုကိုအသုံးချခြင်း (သို့) Flag ခိုးယူခြင်း နဲ့ Programming စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Flag အများဆုံးရရှိအောင်နဲ့ ကန့်သတ်ထားတဲ့ အချိန်အတွင်း အမှတ်အများဆုံးရရှိအောင်လို့ group လိုက်တစ်ဖွဲ့စီက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Jeopardy-style Ctf မှာတော့ တစ်ခါတစ်လေမှာတော့ခက်ခဲတဲ့အပိုင်းတွေပါပေမဲ့ ခုမှစတင်လေ့လာမဲ့သူများအတွက်လည်း ပါဝင်ဝင်ရောက်လေ့လာနိုင်လောက်တဲ့ အနေအထားရှိပါတယ်။ Ctf မှာတော့ကျွန်တော်တို့ ရွေးချယ်နိုင်တဲ့ မေဂျာတွေရှိပါတယ်။

cryptography, reversing, binary, web, programming, forensics, networking challenges ဆိုပြီး type တွေအများကြီးနဲ့မေးတာမို့ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းတစ်ခုစီလေ့လာပြီး တစ်ဆင့်စီတက်သွားတာကောင်းပါတယ်။

နေက်တစ်ခု Attack-Defense-style Ctfs ဆိုတာကတော့ Advance version of ctf လို့သတ်မှတ်လို့ရပါတယ်။

ဒီပြိုင်ပွဲမျိုးကတော့ ကျွန်တော်သိသလောက် ပြိုင်ပွဲဝင်အချင်းချင်း ကိုယ်ပိုင် server များကိုကာကွယ်ကြပြီး ပြိုင်ဘက်အသင်က ကိုယ့်အသင့်ရဲ့ server ကိုတိုက်ခိုက်ကြတဲ့နည်းပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ကတော့ ကျွမ်းကျင်မှုတွေအများကြီးလိုအပ်တာဖြစ်ပြီး ကိုယ့်အသင်းကလည်း အားလုံးနီးပါကိုသိထားပြီး အမြဲ active ဖြစ်နေဖို့လိုပါလိမ့်မယ်။

ဥပမာ — နှစ်စဉ်ကျင်းပနေတဲ့ DEFCON CTF Finals ပြိုင်ပွဲက Attack-Defense-style Ctf ဖြစ်ပါတယ်။

## CTF skills

CTF လောကထဲဝင်ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်ရမဲ့ အရမ်းအရေးပါတဲ့အချက်နှစ်ချက်ရှိပါတယ်။ အဲ့တာကတော့ team ဖွဲ့ဖို့ သူငယ်ချင်းကောင်းကောင်းရှာဖို့နဲ့ အမြဲလေ့လာနေဖို့ပါပဲ။

ဒီလောက်ပဲအချိန်ရတာမို့ အားခဲ့ရင်ဆက်ပြီးရေးပေးပါ့မယ်။

*to be continue……*
