Skip to main content

Command Palette

Search for a command to run...

How do VPN Blocks Work?

How do VPN Block work and How to Bypass It.

Updated
3 min readView as Markdown
How do VPN Blocks Work?
F

I am a cyber security analyst at The Art of Linux. Founder : Tricay Myanmar Social Network & BurmeseHub.

Certificates :

  1. Cyber Threat Intelligence 101 <br> https://arcx.io/verify-certificate?id=bf91e2cffbfe0a94334765a88bfaa3ffedcb7fef&k=57470e1ffc304214b51cc145548ed9e1

  2. Introduction to Cyber Security <br> https://www.credly.com/badges/626301ad-0fbe-4611-8ddc-0e359dc023be

  3. Ethical Hacking Essentials EH|E <br> https://codered.eccouncil.org/certificate/12f74494-a4af-49ba-9430-80eb50b90a9

  4. Android Bug Bounty Hunting: Hunt Like a Rat <br> https://codered.eccouncil.org/certificate/95bb2bb3-533b-4f59-ac6f-6eec931f7ec0

  5. Advance Cyber Security

And more...

များသောအားဖြင့် website တွေနဲ့ streaming platform တွေက နည်းပညာအများကြီးကနေ vpn တစ်ခုကို ပိတ်ထားလို့ရတယ်။ အဲ့ထဲကတစ်ချို့ကတော့ ကျွန်တော်တို့ရဲ့ Internet ကိုပြောင်းလိုက်တာတို့ (သို့မဟုတ်ရင်) ကျွန်တော်တို့သုံးနေတဲ့ server ကိုပြောင်းလိုက်တာတို့ လုပ်ခြင်းနဲ့ ကျော်သွားလို့ရပေမဲ့ တစ်ချို့ website တွေကတော့ ပိုပြီး secure ဖြစ်တဲ့အတွက် ကျော်လိုက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။

ဒီတော့ကျွန်တော်က how to bypass ဆိုတဲ့အကြောင်းမရေးခင် အားလုံးနားလည်သွားအောင် VPN block တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ရှင်းပြပေးသွားပါမယ်။ အောက်ကနည်းလမ်းတွေကတော့ VPN block လုပ်ခြင်းထဲက နည်းလမ်းများဖြစ်ပါတယ်။ အကုန်တော့မဆိုလိုပါဘူး။ ကျွန်တော်သိသလောက် တော်တော်များများကို လိုတိုရှင်းရေးပေးလိုက်တာပါ။

Blocked IP Adddress

VPN Blocker ရဲ့ အသုံးအများဆုံး အမျိုးအစားကတော့ VPN services နဲ့သက်ဆိုင်တဲ့ IP address တွေနဲ့ဝင်ရောက်ခွင့်ကို ပိတ်ထားခြင်းဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် website or streaming platform တစ်ခုခုက IP address တစ်ခုထဲကိုပဲ သုံးပြီးဝင်ရောက်မယ်ဆိုရင် server ကဝင်ရောက်ခွင့်ကို ငြင်းပယ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ တခြား VPN တစ်ခုခုကိုချိတ်လိုက်မယ်ဆိုရင်တော့ ဒီလိုဝင်ဖို့တားမြစ်ထားတဲ့ route တွေကိုလွယ်လွယ်ကူကူ ကျော်သွားလို့ရနိုင်ပါတယ်။ အရင်က facebook သုံးဖို့ပိတ်ထားတော့ ကျွန်တော်တို့ VPN တော်တော်များများခံပြီး သုံးလိုက်သလိုပေါ့။

Blocked VPN Ports

A VPN port is a virtual port enabling tunneled traffic to run through encrypted VPN servers. VPN Tool သုံးတဲ့သူတိုင်းကို website အားဝင်ရောက်ဖို့အတွက် Firewall ဆိုတဲ့ကောင်က တားမြစ်ထားလို့ရနိုင်တယ်။ ဒါပေမဲ့ - စိတ်ချရတဲ့ VPN service ပေးတဲ့ VPN တွေကတော့ OpenVPN၊ IKEv2\IPSec၊ Shadowsocks နှင့် Wireguard အပါအဝင် မတူညီတဲ့ protocol တွေကိုသုံးပြီး လိုအပ်ခဲ့ရင်တောင် တခြား port ကိုပြောင်းပေးနိုင်တာတွေ့ရပါတယ်။

Deep Packet Inspection (DPI)

DPI ဆိုတာ တော်တော်များများတော့ကြားဖူးမယ်မထင်ဘူး။ သူ့ကို networking သမားတွေနဲ့ နည်းပညာသမားအနည်းငယ်သာသိနိုင်မယ်ထင်တယ်။ Deep Packet Inspection (DPI) လုပ်ခြင်းက VPN route တွေကို ပိတ်ဖို့အတွက် အဆင့်မြင့်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ DPI ကိုတော့ နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသားတိုင်းရဲ့ online လွတ်လပ်ခွင့်ကို ကန့်သတ်ထားတဲ့ censorship နိုင်ငံတွေမှာ တွင်ကျယ်စွာအသုံးပြုကြပါတယ်။ DPI ရဲ့လုပ်ဆောင်ချက်ကတော့ သုံးတဲ့သူရဲ့ အသွားအလာလမ်းကြောင်းတွေကို ဝှက်စာပေးတဲ့ Metadata တွေကိုအသုံးပြုပြီး VPN တွေကိုထောက်လှမ်းလို့ရပါတယ်။ A detailed analysis of all data components called packets allows for spotting and blocking VPNs. However, once again, multiple security protocols may help users pass by.

VPN ပိတ်ထားခြင်းကို ရှောင်ဖို့အတွက် အသုံးဝင်တဲ့ နည်းလမ်းတွေကိုကျွန်တော်ဆက်ပြောပေးပါမယ်။

Website တွေနဲ့ streaming platform တော်တော်များများက VPN သုံးပြီးဝင်ရောက်ခြင်းကို ပိတ်ထားပေမဲ့ ကျွန်တော်တို့ online ပေါ်မှာ privacy ကိုမထိခိုက်စေပဲ ကျွန်တော်တို့ဝင်ရောက်ပြိး သုံးလို့ရနိုင်ပါတယ်။ အောက်မှာတော့ VPN block တွေကို bypass လုပ်ဖို့နည်းလမ်းတွေပဲဖြစ်ပါတယ်။ ကျွန်တော်သိသလောက်ပေါ့ အများကြီးတော့ရှိပါတယ်။ ကျွန်တော်လည်းအကုန်မသိနိုင်လို့ အကုန်တော့မရေးတော့ဘူး။

1. Change your IP address

When it comes to VPN blocks, ကျွန်တော်တို့ကြိုးစားကြည့်သင့်တဲ့ အကောင်းဆုံး ပထမအချက်ကတော့ တခြား server ကိုပြောင်းသုံးခြင်းနဲ့ IP address ကိုပြောင်းလိုက်ခြင်းဖြစ်ပါတယ်။ အပေါ်မှာပြောသလိုပဲ တစ်ချို့ IP တွေက သူတို့ရဲ့ VPN နဲ့သက်ဆိုင်တဲ့ စာရင်းတွေမှာထည့်ထားတတ်တော့ ပိတ်ထားနိုင်လို့ ပြောင်းကြည့်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ VPN တော်တော်များများမှာတော့ website တော်တော်များများကိုဝင်ရောက်နိုင်ပါတယ်။

Alternatively, you can make use of an obfuscated server. ဒီနည်းလမ်းကတော့ VPN tunnel ကနေတစ်ဆင့် လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ data တွေကို ထပ်ပြီး encryption လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ Obfuscated servers တွေက ကျွန်တော်တို့ data တွေကို ရှာဖွေဖို့ဆိုတာခက်ခဲပါတယ်။

2. Connect through a dedicated IP address

Dedicated IP Address တွေက ကျွန်တော်တို့အတွက် ပုံမှန် VPN ပိတ်ထားခြင်းကို ကျော်သွားဖို့ကညီပေးပါတယ်။ ဒီလို IP မျိုးတွေက ကျွန်တော်တို့သုံးတဲ့တစ်ယောက်ထဲသာပိုင်တဲ့အတွက် VPN Block လုပ်ထားတဲ့ site တွေကိုသုံးတဲ့သူရဲ့ နောက်ကွယ်ရှိ virtual private network ကို မှတ်မိနိုင်မည်မဟုတ်ပါ။ ဒါပဲလားဆိုတော့မဟုတ်သေးဘူး ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ server ကိုခနခနပြောင်းနေဖို့မလိုအပ်တော့ဘူး ဒါကြောင့် ကျွန်တော်တို့က Internet service providers, censors, and other third parties တွေရဲ့ အာရုံစိုက်ခံရခြင်းရန်ကနေ လွတ်သွားမယ်ပေါ့။

3. Change VPN port or security protocol

ပုံမှန်အားဖြင့် VPN services တွေက secure connections တွေနဲ့ ကျွန်တော်တို့ရဲ့ data ကို encrypted tunnel အတွင်းကနေ ကာကွယ််ပေးတယ်။ ကျွန်တော် ဉပမာအနေနဲ့ VeePN ဆိုတာနဲ့ ယှဉ်ပြပေးထားပါတယ်။

  1. Open VPN : This protocol runs on TCP and UDP ports and creates a secure site-to-site connection. Open VPN က UDP port ကြောင့် အင်တာနက်ကိုတော့အရမ်းမြန်မသွားပေမဲ့ ကျွန်တော်တို့ data တွေလုံခြုံမှုရှိတာတော့ သေချာပါတယ်။

  2. IKEv2 : nternet Key Exchange version 2 ကတော့ request and response တွေကိုပေးနိုင်ပါတယ်။ It provides secure communication between networks and is responsible for a security association (SA) attribute.

  3. IPSec : This set of protocols guarantees securely encrypted connections between devices. Together with IKEv2, it protects sensitive information transmitted across the network.

  4. Shadowsocks : Shadowsocks ဆိုတာကတော့ open-source encryption protocol တစ်ခုဖြစ်ပါတယ်။ SOCKS5 အပေါ်မှာအခြေခံထားပြီး censored or hidden လုပ်ထားတဲ့ အရာတွေကို ဖြတ်သန်းပြီးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  5. WireGuard : WireGuard အစွမ်းထက်သော VPN Tool တစ်ခုနဲ့ ပေါင်းထားပါက WireGuard သည် သုံးစွဲသူများအား ဒေတာထိတွေ့မှုမှ ကာကွယ်ရန်၊ ဆိုက်ဘာတိုက်ခိုက်မှုများကို တိုက်ဖျက်ရန်နှင့် ချိတ်ဆက်မှုယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးသည့် မြင့်မားသောလုံခြုံသောဖြေရှင်းချက်တစ်ခုဖြစ်သည်။

ဒီထဲက protocol တွေကတော့ တခြား website တွေထက်ပိုပြီးစိတ်ချရပြီး VPN ပိတ်ထားတဲ့အပေါ်မူတည်ပြီး ဝင်ရောက်နိုင်ဖို့ကျွန်တော်တို့တော်တော်များများ အကူအညီရပါတယ်။

4. Change DNS server configuration manually

ဒီနည်းလမ်းကတော့ တော်တော်အသုံးဝင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို try ပြီးသုံးကြည့်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် DNS ကို configuration လုပ်မယ်ဆိုရင်တော့ ISPs (Internet Service Provider) တွေဘက်ကပိတ်ထားတာတွေကို ကျော်လိုက်ဖို့ အများကြီးအထောက်အကူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကတော့ နည်းပညာနားလည်တဲ့သူများသာစမ်းသင့်ပါတယ်။ End User တွေအတွက်တော့ တော်တော်သတိထားပြီးစမ်းကြဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ online ပေါ်ကတဆင့် data ပေါက်ကြားနိုင်ခြေများပီး အလွန် အန္တရာယ်များတာကြောင့်ဖြစ်ပါတယ်။

မလိုအပ်ပဲနဲ့တော့ သူ့ကို ရွေးပြီးသုံးဖို့အကြံမပြုချင်ပါဘူး။ VPN သုံးရင်လည်း သေချာဖတ်ပြီးမှသုံးကြပါ တစ်ချို့ VPN တွေက VPN မဟုတ်ပါဘူး။ DNS changer တွေဖြစ်ပါတယ်။ ပိတ်ထားတဲ့ site ကိုလည်းသုံးချင်တယ် (ဉပမာ - facebook ပေါ့) တခြားနည်းလမ်းတွေကလည်း အလုပ်မဖြစ်တော့ဘူးဆိုရင်တော့ VPN တော်တော်များများမှာ manual DNS Config လုပ်ဖို့ခွင့်ပြုထားကြပါတယ်။ DNS change ချင်တယ်ဆိုရင်တော့ -

  1. Open System Preferences

  2. Find the connection you’re using in the Network section

  3. From the list of tabs, choose DNS

  4. In the DNS servers section, click on “+” and add two Google DNS servers: 8.8.8.8 and 8.8.4.4. Alternatively, you can use Level3 DNS: 4.2.2.1 and 4.2.2.2

  5. Apply the changes, restart your computer, and reconnect to VPN.

ခနခန block ခံနေရရင်တော့ secure ဖြစ်တဲ့ VeePN ကိုစမ်းသုံးကြည့်ကြပါ။ ဝယ်သုံးရင်တော့ ပိုကောင်းပါတယ်။ free သုံးတဲ့သူတွေကတော့ ခနခနပြောင်းသုံးဖို့လိုအပ်ပါတယ်။

စာကြွင်း - ကျွန်တော်ကတော့ VPN မလိုလို့မသုံးပါဘူး :3

Thank for reading.......